Ministry of Health and Sports, Union of Myanmar

Food and Drug Administration, Myanmar

Quality, Safety and Protection

  
FDA Myanmar Website is officially launched at 10:26 AM September 18, 2015.

ဓာတ်ခွဲဌာနခွဲ

အစားအသောက်နှင့်ဆေး၀ါးကွပ်ကဲရေးဦးစီးဌာနကို အစားအသောက်၊ ဆေး၀ါး/ဆေးပစ္စည်း နှင့် အလှကုန်/လူသုံးကုန်ပစ္စည်းများ၏အရည်အသွေးနှင့်ထိန်းသိမ်းရေးအတွက် ၁၉၉၅ ခုနှစ်တွင်ကျန်း မာရေးဦးစီးဌာန၏ဌာနခွဲတစ်ခုအဖြစ်စတင်တည်ထောင်ခဲ့ပါသည်။၂၀၁၃ခုနှစ်ဧပြီ့လတွင်ဦးစီးဌာနအဖြစ်အဆင့်မြှင့်တင်ခဲ့ပါသည်။ အစားအသောက်နှင့်ဆေး၀ါးကွပ်ကဲရေးဦးစီးဌာနဓာတ်ခွဲခန်းများမှာ လက်ရှိအချိန်၌ ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင်တည်ရှိပြီး ပြည်နယ်နှင့်တိုင်းများနှင့်နယ် စပ်စခန်းများတွင်လည်း minilab များနှင့် test kit များဖြင့်အစားအသောက်၊ ဆေး၀ါးနှင့်အလှ ကုန်/လူသုံးကုန်ပစ္စည်းများ၏အရည်အသွေးကိုစစ်ဆေးပေးလျက်ရှိပါသည်။ယခုလက်ရှိအချိန်တွင်အစားအသောက်အဏုဇီ၀ဓာတ်ခွဲဌာန (ရန်ကုန်) အား နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခု အဖြစ်ပေါ်ပေါက်လာစေရေးအတွက် ISO 17025 လက်မှတ်ရရှိစေရေးကိုဆောင်ရွက်လျက်ရှိသလို၊ ဆေး၀ါးဓာတ်ခွဲဌာန (နေပြည်တော်)ကိုလည်း ISO 17025 လက်မှတ်ရရှိစေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။