ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

အရည်အသွေး၊ စိတ်ချရမှု နှင့် ကာကွယ်မှု

  
FDA Myanmar Website is officially launched at 10:26 AM September 18, 2015.

Good Morning/Afternoon/Evening Comrades, welcome to
FDA (Myanmar).


For safety of our people and prosperity of all the stakeholders is our common goal.
Let's march to that goal by the ways of 6Ds (Dignity, Devotion, Dedication, Decisiveness, Dare, and without Deviation).

Director General
FDA (Myanmar)

Home

မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို ပြည်သူများသုံးစွဲနိုင်ရေး နှိုးဆော်ခြင်း

ပြည်သူများရောဂါကာကွယ်ကုသရန် လိုအပ်သည့်အခါ အန္တရာယ်ကင်းပြီး အရည်အသွေးစစ်မှန်အာနိသင်ပြည့်ဝသည့် ဆေးဝါးများကို ကျန်းမာရေးဝန်ထမ်းများ၏ အကြံပြုချက်ဖြင့် စနစ်တကျ သုံးစွဲနိုင်ရန်မှာ လွန်စွာအရေးကြီးပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို သုံးစွဲနိုင်ရန်နှိုးဆော်၍ အောက်ဖော်ပြပါအချက်များကို အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံ၌ ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ရ/၉၃ အရ ဆေးဘူးခွံ/ ဆေးပုလင်းပေါ် ရိုက်နှိပ်ရမည့် အမှတ်တံဆိပ်နှင့် အချက်အလက်များပါဝင်ရမည့်အပြင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်လည်း ပါရှိရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ပါဝင်မှုရှိ၊ မရှိကို ဆေးဘူး/ ဆေးပုလင်းများပေါ်တွင် အောက်ပါအတိုင်း စိစစ်နိုင်ပါသည်။ 

MM Reg No ကို ဖေါ်ပြထားရာတွင် ရှေ ့ဆုံးနံပါတ်ဂဏန်းလေးလုံးပါရှိပြီး အလယ်တွင် A (သို့)AA ဟု ပါရှိသည်။ ထို့နောက် နံပါတ်ဂဏန်းသုံးလုံး(သို့)လေးလုံးထပ်မံပါရှိပါသည်။ 

ဥပမာ MM Reg No 1703 AA 4158 

         MM Reg No 1704 AA 003

ဆေးဝါးသက်တမ်းတိုးထားသောဆေးများတွင် R စာလုံးရှေ့ဆုံးတွင် ပါရှိပါသည်။ ဥပမာ MM Reg NoR 1504 A 3840 ထို့အပြင် ပြည်သူများ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိတို့သုံးစွဲသည့်ဆေးဝါးများအာနိသင်မရှိ ဟု ယူဆပါက နေပြည်တော်နှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ဆေးနမူနာများ ပေးပို့ စစ်ဆေးနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။