ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

အရည်အသွေး၊ စိတ်ချရမှု နှင့် ကာကွယ်မှု

  
FDA Myanmar Website is officially launched at 10:26 AM September 18, 2015.

စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန်စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက် လျက်ရှိပါသည်။
စျေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများမှ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအမှတ်တံဆိပ်များဖြင့်ထုတ်လုပ်သော အစားအသောက်များ၌ ခွင့်မပြုဆိုးဆေးများ၊ မှိုအဆိပ်ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများကို လုံး၀အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့်အစားအသောက်အမျိုးအစားများ

စဉ်

အစားအသောက် အမျိုးအစား

အမှတ်တံဆိပ်

တွေ့ရှိချက်

၁။

ပုဇွန်ငါးပိ

 

ရွှေပုဇွန်

 

Rhodamine B

 (ခွင့်မပြုဆိုးဆေး)

၂။

အရောင်တင်မှုန့်

ရွှေဟင်္သာ

Sudan III, Rhodamine B

(ခွင့်မပြုဆိုးဆေး)

၃။

မြိတ်ငါးပိထောင်း

မြသီရီ

Rhodamine B

(ခွင့်မပြုဆိုးဆေး)

၄။

ရှူးရှဲလက်ဖက်ချဉ်စပ်နှပ်

အေးကမ္ဘာ

Auramine O

(ခွင့်မပြုဆိုးဆေး)

၅။

လက်ဖက်ချဉ်စပ်နှပ်

မသက်သက်

 Auramine O

 (ခွင့်မပြုဆိုးဆေး)

၆။

လက်ဖက်ချဉ်စပ်

ရွှေတောင်တန်း

Auramine O

(ခွင့်မပြုဆိုးဆေး)

၇။

လက်ဖက်အညွန့်

ရွှေဖောင်းကွဲ

Auramine O

(ခွင့်မပြုဆိုးဆေး)

၈။

ငရုတ်သီးအစိမ်းမှုန့်

ဟင်္သာမင်း

မှိုအဆိပ်(Aflatoxin B1) သတ်မှတ်ပမာဏထက် ကျော်လွန်နေပါသည်။

                                                                                 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန